Cloud Computing Technology နှင့် သူ၏ အားသာချက်များ

ယခုအချိန်အခါတွင် IT Technology သည် Industry Sector တိုင်းအတွက် အရေးပါသော အခန်းကဏ္ဍ တွင်ပါဝင်လာသည်ကို လူတိုင်းသတိပြုကြမည်ဟုထင်ပါသည်။ ထို IT Technology ၏ Cloud နည်းပညာသည် User များအတွက် နည်းပညာ အခက်အခဲ ဝန်ထုတ်ဝန်ပိုးကို လျော့ချပေးနိုင်ခြင်း ၊ ဝန်ထမ်း အချင်းချင်း ၊ အသင်းအဖွဲ အချင်းချင်း မည်သည့်နေရာ မည်သည့်အချိန် တွင်မဆို တူညီသော Platform အတွင်း Information ဖလှယ်ရင်း အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ခြင်း စသည့် အားသာချက်များရှိသကဲ့သို့ Data များခိုးယူ ဖျက်စီးမှု အစရှိသော Cybercrime များသတိပြု ကာကွယ်ရန်လည်း အရေးကြီးလိုအပ်ပါသည်။

အရင်ဆုံးအနေဖြင့် Cloud Computing Technology ဆိုသည်မှာ ဘာကိုဆိုလိုသလဲဆိုတာကိုအနည်းငယ်ရှင်းပြချင်ပါတယ်။ လူကြီးမင်းများ နာလည်လွယ်အောင် အလွယ်တကူ ရှင်းပြရမည်ဆိုလျှင် Data တွေသိမ်းဆည်းထားတဲ့ Server ကြီးကို ကျွန်တော်တို့ မျက်စိရှေ့မှာ မမြင်နိုင်တဲ့ အတွက် မိုးတိမ်တွေ (Cloud) ထဲမှာ သိမ်းဆည်းထားပါတယ်လို့ တင်စားထားတာဖြစ်ပါတယ်။ တကယ်ကတော့ ကျွန်တော်တို့ ရဲ့ Data အချက်အလက်တွေကို Internet ပေါ်မှ တဆင့် တကယ် Hosting Server ကြီးတွေဆီ ချိတ်ဆက်သယ်ဆောင် သိမ်းဆည်းပေးထားခြင်း ပဲဖြစ်ပါတယ်။ အဲဒီ Hosting Server ကြီးတွေဟာ Data ပေါင်းမြောက်များစွာကို ထိန်းသိမ်းထားရတာ ဖြစ်ပြီး မပျောက်ပျက် မပျက်စီးရလေအောင် နည်းပညာအမျိုးမျိုးနဲ့ ကာကွယ်ထားရပါတယ်။ သဘာဝဘေးဒဏ် ၊ မသမာသူ ဖျက်စီးမည့်သူများ အလွယ်တကူ မဝင်ရောက်နိုင်တဲ့ နေရာတွေမှာ လုံခြုံအောင် ထိန်းသိမ်းထားရပါတယ်။

     

Crd: https://www.datacenterknowledge.com/

အဲလိုနည်းပညာတွေနဲ့ ထိန်းသိမ်းပြီးဝန်ဆောင်မှုပေးနေတဲ့ Company ကြီးတွေကို Cloud Service Provider လို့ခေါ်ပါတယ်။ အဲဒီလို Hosting Server ကြီးတွေကို ကမ္ဘာနေရာမျိုးစုံက ချိတ်ဆက်အသုံးပြုနိုင်ဖို့ 24 hours Stand by အနေအထားဖြစ်နေအောင် ၊ မတော်တဆ Error တစ်ခုခုကြောင့် Server down သွားခဲ့ရင်တောင် Data တွေပျက်စီးဆုံးရှုံးမှုမရှိအောင် Back-up ထားပေးတာတွေ အစရှိသဖြင့် Cloud service Provider များမှ အဆင့်မြင့်နည်းပညာများဖြင့် ဝန်ဆောင်မှုမျိုးစုံပေးနေပါတယ်။ မိမိတို့ အသုံးပြုသော Cloud Service Provider ရွေးချယ်မယ်ဆိုရင်တော့ Data Security အတွက်ဘယ်လိုအာမခံချက်တွေပေးနိုင်မလည်း ၊ ဘယ်လိုနည်းပညာတွေနဲ့ ထိန်းသိမ်းထားတာလည်း အစရှိတဲ့ အချက်အလက်တွေကို စုံစမ်းရွေးချယ်သင့်ပါတယ်။

နောက်ဆုံး အပိတ် အနေဖြင့် Cloud Service ၏ Benefits များ ကို တင်ပြပေးပါမည်။

.1 – Internet ရှိရုံဖြင့် မည်သည့်နေရာ ၊ မည်သည့်အချိန်မဆို မိမိ Data များကို Access ပြုလုပ်နိုင်ခြင်း။
.2 – Master Data များသိမ်းဆည်းရန် Storage ကို လွယ်ကူစွာချဲ့ထွင်အသုံးပြုနိုင်ခြင်း။
.3 – Services များကို လွယ်ကူမြန်ဆန်စွာ Set-up ပြုလုပ်နိုင်ခြင်း။
.4 – Update များပြုလုပ်ရန်အတွက်လည်း Auto စနစ်များ ကြောင့် အချိန်ကုန်သက်သာလာခြင်း။
.5 – Cloud-based Systems များကိုအသုံးပြုခြင်းဖြင့် ငွေကုန်ကျစရိတ်များ လျော့ချနိုင်ခြင်း။
.6 – Server ထိန်းသိမ်းရမည့် အခက်အခဲ ၊ နည်းပညာကျွမ်းကျင်မှုလိုအပ်ချက်များအတွက် စိတ်အေးရခြင်း။
.7 – Data Back-up နှင့် Restore ပိုင်းများအတွက် စိတ်ချလွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်း။
.8 – Environment အတွက် Hardware တွေကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်ခြင်း။
.9 – သဘာဝဘေးအန္တရာယ် များကြောင့် မိမိတို့ Data အချက်အလက်များ ပျောက်ပျက်မည်ကို မစိုးရိမ်ရခြင်း။

လူကြီးမင်းတို့ အနေဖြင့် Cloud Systems များနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက ကျွန်တော်တို့ Hirokei Myanmar Systems Co.,Ltd. သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။ Infrastructure ပိုင်းများနှင့် ပက်သက်ပြီးလည်း ဆွေးနွေးတိုင်ပင် လိုပါက ကျွန်တော်တို့ ဘက်က ပြန်လည်ဖြေကြားပေးရန်အတွက် အသင့်ရှိနေပါတယ်နော်။

Sales Team – 09-963612380, 09-968362617

Supporting Team – 09-973617256

Leave a Reply

Your email address will not be published. Required fields are marked *